ဝိုင်းမော်မြို့နယ်တွင် နေရပ်ပြန်ပြည်သူများ အခြေချနေထိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဝိုင်းမော်မြို့၊ မေလ (၂၃) ရက်

     နေရပ်ပြန်ပြည်သူများ အခြေချနေထိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဆောင်မှုဖြင့် ၂၀၁၉ ခုနှစ် မေလ (၂၃) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နမ်ဆန်ယန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (မြစ်ကြီးနား)နှင့် ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့ တက်ရောက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယင်လုံအိမ်သာ ဆောက်လုပ်ရန် အိမ်သာခွက်နှင့်ပိုက်များ၊ ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

      ပဋိပက္ခဖြစ်စဉ်များအတွင်း နမ်ဆန်ယန်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ လုံးဝထိခိုက်ပျက်စီးခဲ့သော်လည်း နေရပ်ပြန်ပြည်သူများ အခြေချနေထိုင်သည်နှင့် တစ်ချိန်တည်း ကျန်းမာရေးဝန်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။ ထို့နောက် ကချင်ပြည်နယ်လူမှုရေးဝန်ကြီးသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွနေမှု ကိုလည်း ကြည့်ရှူအားပေးခဲ့ပါသည်။

More Tags