လယ်ဝေးမြို့နယ်၊ မြို့မအလယ်တန်းကျောင်းခွဲတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လယ်ဝေးမြို့၊ ဇူလိုင်လ (၉) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မြို့မအလယ်တန်းကျောင်းခွဲတွင် ကျောင်းကျန်းမာရေး လုပ်ငန်းများအား နေပြည်တော် ပြည်သူ့ရေးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒက္ခိဏခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သွားနှင့်ခံတွင်းဆရာဝန်များနှင့် ကျောင်းကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ( ၉-၇-၂၀၁၉ ) နေ့ နံနက် (၁၀:၀၀) နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     ထို့နောက် နေပြည်တော်တိုင်းကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သွားနှင့်ခံတွင်း) ဒေါက်တာခင်စံပယ်အေးမှ ရာသီတုပ်ကွေးဖြစ်သော (H1N1) အကြောင်း ပညာပေး ဟောပြောခဲ့ပြီး လယ်ဝေးမြို့နယ် သွားနှင့်ခံတွင်းဌာနမှ ဒေါက်တာအောင်ပြည့်မွန်မှ စနစ်မှန်သွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းရောဂါများအကြောင်း သရုပ်ပြဟောပြောခဲ့ပါသည်။ ဒက္ခိဏခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာရန်နိုင်နှင့် ဒေါက်တာစိုင်းရဲလင်း၊ လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာရန်နောင်စိုးတို့မှ မူလတန်းကလေးငယ် (၃၀၂) ဦးအား သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးပေးခြင်းနှင့် ကုသခြင်းများပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags