လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့် သင်တန်းကျင်းပ

ထီးလင်းမြို့၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်

     လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့် သင်တန်းကို မကွေးတိုင်း ဒေသကြီး၊ ထီးလင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ကျင်းပခဲ့ရာ ထီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး (ခေတ္တ)  ဒေါက်တာဝင်းထိုက်မှ အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများသည်လည်း အရေးကြီးသော အခန်းကဏ္ဍများတွင်ပါဝင်နေကောင်း၊ သင်တန်းတွင် လက်တလော အာဟာရချို့တဲ့သောကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို ရှာဖွေဖော်ထုတ်ခြင်း၊ အာဟာရဆိုင်ရာနှင့် ဆေးဝါးဆိုင်ရာကုသမှုများကို သင်ကြားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသွားပါကလည်း မိမိတို့တာဝန်ကျရာ ဒေသများတွင် လတ်တလော အာဟာရ ချို့တဲ့သော ကလေးများကို လှည့်လည်ရှာဖွေဖော်ထုတ်ကြရမှာ  ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။


     အဆိုပါ သင်တန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၃) ရက်လျှင် တစ်သုတ်ဖြင့် ထီးလင်းမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးပညာရှင်များ အားလုံးနှင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ အားလုံးကို ပို့ချသွားမည်ဖြစ်ပါသည်။ လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့်သင်တန်းများကို ၂၀၁၉ ခုနှစ်အတွင်းတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သရက်မြို့နယ်၊ ကံမမြို့နယ်၊ ဆောမြို့နယ်များတွင် ကျင်းပ ပြီးစီးခဲ့ပြီး ဆက်လက်၍ ဂန့်ဂေါမြို့နယ်၊ အောင်လံမြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags