လားရှိုးအထွေထွေရောဂါကုဆေးရုံကြီးတွင် Medical Certificate of causes of deaths သင်တန်းကျင်းပ

လားရှိုးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

     အထွေထွေရောဂါကုဆေးရုံကြီး လားရှိုးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လက်ထောက်ဆရာဝန်များအား သေဆုံးမှုပုံစံများ မှန်ကန်စွာဖြည့်စွက်နိုင်ရေးနှင့် မူခင်းနှင့်ပတ်သက်သော ဆေးစာများ ထိရောက်မှန်ကန်စွာ ရေးသားနိုင်ရေး မွမ်းမံသင်တန်းကို (၁၅.၁၁.၂၀၁၉) ရက်နေ့တွင် ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မူခင်းအထူးကုဆရာဝန်ကြီး ဒေါက်တာဇင်မင်းမှ ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။ လက်ထောက်ဆရာဝန်များ လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်ရေးအတွက် အဆိုပါသင်တန်းကို (၁၅.၁၁.၂၀၁၉) ရက်နေ့နှင့် (၂၇.၁၁.၂၀၁၉) ရက်နေ့တို့တွင် နှစ်ရက်ခွဲ၍ကျင်းပပေးသွားမည်ဖြစ်ပါသည်။

More Tags