လားရှိုးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် အသည်းရောင်စီပိုး ကုသနိုင်ရေး အသိပေး ရှင်းလင်းပွဲ ကျင်းပ

လားရှိုး၊၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်

     လားရှိုးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် Clinton Health Access Initiative (CHAI)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အသည်းရောင် စီပိုးဝေဒနာရှင်များအား ကုသပေးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား အသိပေးရှင်းလင်းပွဲ TOT training on clinical Management of viral hepatitis ကို  (၃၁.၁၀.၂၀၁၉)ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှုး ဦးကျော်သူဇော်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှုး ဒေါက်တာတင်မောင်ညွှန့်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး  ဒေါက်တာခိုင်စန္ဒာအောင် (Deputy Director/ Project Manager) National Hepatitis Control Program ,Central Epidemiology Unit, Department of Public Health မှ ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက်  တာဝန်ယူ ကုသမှုပေးမည့် ကျန်းမာရေး ဝန်ထမ်းများအား ဆရာဖြစ်သင်တန်း ပို့ချခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြပြီး သင်တန်းကာလ (၂)ရက်ကြာမြင့်မည်ဖြစ်ပါသည်။

 

More Tags