လေရှီးမြို့နယ်တွင် ရှေးဉီးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပို့ချ

လေရှီးမြို့၊ ၂၀၁၉ခုနှစ် သြဂုတ်လ (၁၇)ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနသည် လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့တွင် လေရှီးမြို့နယ်၌ ဖွင့်လှစ်သည့် ရှေးဉီးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း၌ မူကြိုကျောင်းဆရာမများအား အာဟာရကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးဟောပြောပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လေရှီးမြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာန၊ မြို့မပြည်သူ့ကျန်းမာရေးအဖွဲ့က မူကြိုကျောင်း ဆရာမ (၅၇)ဉီးအား ကလေးစိတ်ပညာ၊ အစာနှင့်အာဟာရ၊ အစာအုပ်စု (၃)အုပ်စု၊ အာဟာရနှင့်ဒေသဖွံ့ဖြိုးမှု၊ အာဟာရချို့တဲ့မှုသံသရာ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်အာဟာရ၊ နို့တိုက်မိခင်နှင့်အာဟာရ၊ အာဟာရ မျှတမှုအရေးကြီးပုံ၊ မြန်မာနိုင်ငံ၏အာဟာရအခြေအနေ၊ ကလေးသူငယ်အစာကျွေးပြုစုခြင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးခြင်း၊ ဖြည့်စွက်အစာကျွေးခြင်းနှင့် အာဟာရဆုံးရှုံးမှု နည်းအောင် ချက်ပြုတ်နည်းများကို ပညာပေးဟောပြောပို့ချပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါ သည်။

More Tags