လားရှိုးမြို့တွင် သာအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းဆောင်ရွက်

လားရှိုးမြို့၊ မတ် (၂)ရက်

     ရှမ်းပြည်နယ်အမျိုးသမီးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီးမှ ဦးဆောင်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊လားရှိုးတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်း လုပ်ငန်းများကို (၂-၃-၂၀၁၉)မှ(၃-၃-၂၀၁၉)(၂)ရက်ပြုလုပ်ခဲ့ပါသည်။

 

     ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သာအိမ်ခေါင်းကင်ဆာအကြိုအဆင့် လာရောက်စမ်းသပ်စစ်ဆေးမှုခံယူသည့် လူနာများနှင့် ကုသပေးသော ဆရာဝန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

 

     စုစုပေါင်းလူနာ(၇၈၅)ဦးစမ်းသပ်စစ်ဆေးပေးခဲ့ပြီး VIA test positive (၂၉)ဦး testNegative (၇၅၀)ဦး စမ်းသပ်စစ်ဆေးတွေ့ရှိပြီး ကုသမှုပေးခဲ့ပါသည်။ ထို့ပြင် Cervicitis (၁၁၂)ဦး၊ Candidiasis (၆)ဦး နှင့် Cervical Polyp(၂)ဦး ကို ကုသမှုပေးခဲ့ပါသည်။

More Tags