လားရှိုးမြို့တွင် ပြည်နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

လားရှိုးမြို့၊ ဧပြီလ (၄) ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် (၄-၄-၂၀၁၉)မှ (၅-၄-၂၀၁၉)ထိ ပြည်နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။

 

     ဆွေးနွေးပွဲသို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ခံပုဂ္ဂိုလ်၊ ဝ ကျန်းမာရေးဌာနမှ ကိုယ်စားလှယ်များ၊ HPA မှ ကျန်းမာရေးတာဝန်ခံများ စုစုပေါင်း (၆၇)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

More Tags