လားရှိုးမြို့တွင် Automated Reproductive Health Commodities Logistics System မွမ်းမံ သင်တန်းကျင်းပ

လားရှိုးမြို့၊ ဧပြီလ (၄) ရက်

     ရှမ်းပြည်နယ်၊ လားရှိုးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ UNFPA နှင့် JSI တို့ ပူးပေါင်း၍ Automated Reproductive Health Commodities Logistics System မွမ်းမံ သင်တန်းကို ၄-၄-၂၀၁၉ နှင့် ၅-၄-၂၀၁၉ တွင် လားရှိုးမြို့၊ Golden Hill Hotel ၌ ကျင်းပခဲ့ပါသည်။

 

     သင်တန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂၀ များမှ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး တာဝန်ခံများ၊ ဆေးစတိုတာဝန်ခံများ နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးစီးဌာနမှ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး တာဝန်ခံများ၊ ဆေးစတိုတာဝန်ခံများ စုစုပေါင်း သင်တန်းသား/သူ ၄၆ ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ ဆေးနှင့်ဆေးပစ္စည်းများ အလေအလွင့် မရှိစေရေးနှင့် ဆေးအသုံးစာရင်းများမှန်ကန်စွာရရှိပြီး ဆေးနှင့်ဆေးပစ္စည်းများ တွက်ချက်ဝယ်ယူရာတွင် မှန်ကန်စေရေးတို့ဖြစ်ပါသည်။

More Tags