လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးကွင်းဆင်းမှုကို ဒုတိယမန္တလေးမြို့တော်ဝန်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် အမရပူရမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄)ရက်

     မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တလိုင်းစုရပ်ကွက်တွင် လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ကွင်းဆင်းမှုကို ဒုတိယမန္တလေးမြို့တော်ဝန် ဦးရဲမွန်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယုယုဝေနှင့် တိုင်းဒေသကြီး ရပကန (ငှက်ဖျား)ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေ ဦးဆောင်မှုဖြင့် အမရပူရမြို့နယ် အခြေခံကျန်းမာရေးဝန်ထမ်းများ၊  သက်ဆိုင်ရာ နှီးနွှယ်ဌာနများမှ ဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့ ယနေ့နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။


     ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်းရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ထောင်များအား ဆေးစိမ်ပေးခြင်း၊ အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများ အသုံးပြု၍ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါပိုးသယ်ဆောင်သော သက်ကြီးကောင် ခြင်သေစေနိုင်ရန်အတွက် ခြင်ဆေးမှိုင်းမှုတ်ခြင်း အစရှိသော ကာကွယ်နှိမ်နင်းရေးများကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags