လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးကွင်းဆင်းမှုကို ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တွင် လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းမှုကို မန္တလေးတိုင်းဒေသကြီး ဒုတိယမန္တလေးမြို့တော်ဝန် ဦးရဲမွန်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်နှင့် တိုင်းဒေသကြီး ရပကန (ငှက်ဖျား)ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေ ဦးဆောင်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနှင်းဇော်သိန်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာန များမှ ဝန်ထမ်းများ၊ ရပ်ကွက်နေစေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်း ရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ထောင်များအား ဆေးစိမ်ပေးခြင်း၊ အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါပိုးသယ်ဆောင်သော သက်ကြီးကောင် ခြင် သေစေနိုင်ရန်အတွက် ခြင်ဆေးမှိုင်းမှုတ်ခြင်း အစရှိသော ကာကွယ်နှိမ်နင်းရေးများကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags