လူထုအခြေပြုနှလုံးသွေးကြောကျဉ်း ရောဂါသတိပြုဖွယ်ရာ ပညာပေးဟောပြောပွဲကို လားရှိုးမြို့တွင် ပြုလုပ်ကျင်းပ

လားရှိုးမြို့၊ ဧပြီလ (၂၇) ရက်

     ပြည်နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (လားရှိုး)၊ မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး) နှင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး (နှလုံးရောဂါအထူးကုဌာန)တို့ ပူးပေါင်း၍ လူထုအခြေပြုနှလုံးသွေးကြောကျဉ်း ရောဂါသတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်းကို (၂၇-၄-၂၀၁၉) ရက်နေ့တွင် မြို့တော်ခန်းမ၊ လားရှိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုလျော့ချနိုင်ရန်နှင့် စောစီးစွာသိရှိ၍ ကာကွယ်ကုသနိုင်ရန်အတွက် နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်သည့် ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ သိကောင်းစရာများကို ပြည်သူလူထုအားကျန်းမာရေးအသိပညာပေးရန်ဖြစ်သည်။

 

     ရှေးဦးစွာပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ရှမ်းပြည်နယ် (လားရှိုး) ဒေါက်တာဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ လူထုအခြေပြုနှလုံး သွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာများကို ဒေါက်တာကောင်းညွှန့်စံမှ ဟောပြောခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ တက်ရောက်သူ ပြည်သူလူထုမှ နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေမေးခွန်းများ ပူးပေါင်းပါဝင်ဖြေဆိုခဲ့ပါသည်။အခမ်းအနားသို့စုစုပေါင်း လူဦးရေ (၂၀၀) တက်ရောက်ခဲ့ ပါသည်။

More Tags