လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဆေးခန်းသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ ကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန်၊ ဇန်နဝါရီ (၂၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ခရီးသွားပြည်သူများနှင့် ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ယာဉ်လိုင်းများမှ မိသားစုဝင်များ အဆင်ပြေ လွယ်ကူစွာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနဆေးခန်းသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ ယနေ့(၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ၂၁ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 
 

     ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ ရှေးဦးစွာ လူနာမှတ်တမ်းထားရှိပုံ၊ ဆေးကုသမှုအခြေအနေနှင့် ဆေးဝါးသိုလှောင် ထားရှိမှုအခြေအနေများအား စစ်ဆေး ခဲ့ပြီး လိုအပ်ချက်များ မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။ ဆက်လက်၍ လူနာတစ်ဦးချင်းစီနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။ အရေးပေါ်လူနာ များအား ကနဦးအရေးပေါ်ကုသမှုပေးပြီး ဆေးရုံများသို့ စနစ်တကျ လွှဲပြောင်းနိုင်ရေးနှင့် မျက်စိနှင့် နား၊နှာခေါင်း၊လည်ချောင်း ရောဂါဝေဒနာရှင်များအတွက် မျက်စိနှင့် နား၊ နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်များ လစဉ်ကုသမှုပေးနိုင်ရန် စီမံဆောင်ရွက် ပေးခဲ့ပါသည်။ အဆိုပါ ဆေးခန်းသို့ ခရီးသွားပြည်သူလူထုများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လူနာ(၂၀)မှ(၃၀)ဦးခန့် နေ့စဉ်လာရောက် ဆေးကုသမှုခံယူလျက် ရှိကြောင်းသိရှိရပါသည်။

 

 

    

More Tags