လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသမှုဆောင်ရွက်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ(၉)ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့သည် လွိင်ကော်မြို့နယ်အတွင်းရှိ ပီကင်းကောခူကျေးရွာ၊ ကုန်းသာကျေးရွာ၊ ကယန်းသာယာ ကျေးရွာ၊ လယ်တွဲကျေးရွာနှင့် မော်ချီးစုစည်းရွာများသို့ (၅-၈-၂၀၁၉)ရက်နေ့မှ (၉-၈-၂၀၁၉)ရက်နေ့ အထိ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းအဖွဲ့တွင် ပြည်နယ်တီဘီ ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာလဲ့ညိုဝင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ တီဘီ/အနာကြီး)၊ ဒေါက်တာနန်းဖူးအိဂျွန်မိုး (အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ တီဘီ)နှင့် အခြေခံကျန်းမာရေးဝန်ထမ်များ စုစုပေါင်း(၁၀)ဦးဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းဆေးကုသမှုတွင် ကျန်းမာရေးပညာပေးခြင်း၊ လူနာ(၇၉၇)ဦးအား စမ်းသပ်ပေးခြင်း၊ (၄၆၉)ဦးအား ဓါတ်မှန်ရိုက်ပေးခြင်း၊ (၂၀)ဦးအား သလိပ်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ လူကြီးတီဘီလူနာ (၁၈)ဦးနှင့် ကလေးတီဘီလူနာ(၅)ဦးအား ရှာဖွေကုသမှု ပေးနိုင်ခဲ့ပါသည်။

 

More Tags