လွိုင်ကော်မြို့နယ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အထက (၁) ကျောင်း ခန်းမတွင် (၁၅-၈-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီ၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြကျောင်း ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းကျန်းမာရေး စံပြကျောင်းဆုများကို ဆုချီးမြှင့်ခဲ့ကြပါသည်။ ကျောင်းသားကျောင်းသူများမှ ကျောင်းကျန်းမာရေး သရုပ်ဖော်တို့ဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ကျောင်းသားကျောင်းသူများ ခင်းကျင်းပြသထားသာ အာဟာရ အုပ်စု အစားအစာများနှင့် ကျောင်းကျန်းမာရေးလုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှု့ အားပေးခဲ့ကြပါသည်။

More Tags