လွိုင်ကော်မြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း စံပြကျောင်းရွေးချယ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

လွိုင်ကော်မြို့၊ ဇူလိုင်လ (၁၅) ရက်

     ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း စံပြကျောင်းရွေးချယ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို (၁၅.၇.၂၀၁၉) ရက်နေ့တွင် ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ စုစုပေါင်း (၂၇) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါက်တာအေးသော်တာမွန်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွင်း စံပြကျောင်းရွေးချယ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ စံပြကျောင်းရွေးချယ်မည့်အစီအစဉ်၊ ရွေးချယ်မည့် ကျောင်းအရေအတွက်၊ စာစီစာကုံးပြိုင်ပွဲများကျင်းပခြင်း၊ အားကစားထူးချွန်ဆုများပေးအပ်ခြင်း၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုများအပြီးတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဆွေးနွေးချက်များအား အတည်ပြုပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

More Tags