လွိုင်ကော်မြို့တွင် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုသင်တန်း (Training on Integrated Care for Older People- ICOPE) ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ (၂၆)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄-၂-၂၀၂၀) ရက်နေ့မှ (၂၆-၂-၂၀၂၀) ရက်နေ့အထိ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း (Training on Integrated Care for Older People- ICOPE) ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာငြိမ်းအေးထွန်းနှင့် ဒေါက်တာလှိုင်မို့မို့သူ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သက်ကြီးရွယ်အိုဆေးကုသဌာနမှ ပါမောက်ခ ဒေါက်တာ သန်းဝင်းညွှန့်၊ ပါမောက်ခ ဒေါက်တာမင်းဇော်ဦး၊ ဒေါက်တာ အေးမွန်ဝင်း၊ ဒေါက်တာလင်းလင်းထွန်းမြတ် တို့မှ သင်တန်းပို့ချခဲ့ပါသည်။ သင်တန်းသို့ မြို့နယ်(၇)မြို့နယ်မှ သင်တန်းသား ကျန်းမာရေးဝန်ထမ်းများနှင့် သင်တန်းဆရာများ စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ပါသည်။

More Tags