လွိုင်ကော်မြို့တွင် သားဖွားမှ သူနာပြုသင်တန်းတက်ရောက်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေစားမေးပွဲ ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမများမှ သူနာပြုသင်တန်း တက်ရောက်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲကို (၁၂-၈-၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ စာမေးပွဲကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်း၊ ဒေါက်တာသောင်းလင်းနှင့် ဒေါ်ညိုညိုဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ သားဖွားမှ သူနာပြု ရေးဖြေနှုတ်ဖြေစာမေးပွဲတွင် သားဖွားဆရာမ (၈) ဦး ဖြေဆိုခဲ့ပါသည်။

More Tags