လွိုင်ကော်မြို့တွင်သားပျက်သားလျောလူနာများအား အရည်အသွေးပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာသင်တန်း အသိပေးဆွေးနွေးပွဲကျင်းပ

လွိုင်ကော်မြို့၊ ဇူလိုင်လ (၄)ရက်

     ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သားပျက်သားလျောလူနာများအား အရည်အသွေးပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာသင်တန်း အသိပေးဆွေးနွေးပွဲကို (၄.၇.၂၀၁၉) ရက်နေ့တွင် လွိုင်ကော်မြို့၊ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ MSI အဖွဲ့မှဝန်ထမ်းများ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွါးကျန်းမာရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မိုရ်စိုးနှင့် ရန်ကုန်မြို့၊ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခ၊ဌာနမှူး ဒေါက်တာစောကလဲဒူးတို့ တက်ရောက်ခဲ့ကြပါသည်။


 

     အဆိုပါအသိပေးဆွေးနွေးပွဲတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာမြင့်မိုရ်စိုးက Current Situation of MMR/ Post Abortion Care နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး MSI အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Objectives and Implementation of PAC training supported by MSI အကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှသားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာအမာ က Current PAC Situation at Loikaw General Hospital နှင့် ပတ်သက်၍ဆွေးနွေးပြောကြားပြီး ကယားပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ကလေး၊ကျောင်းကျန်းမာ၊အာဟာရ) ဒေါက်တာ အေးသော်တာမွန်က Current Situation of Maternal Mortality and Abortion in Kayah State နှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက သားပျက်သားလျောလူနာများ အား အရည်အသွေးပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာသင်တန်း ပြုလုပ်ရန် နေရာနှင့်အချိန်ကာလတို့ကို ဝိုင်းဝန်းဆွေးနွေးကြရာ သင်တန်းကို လွိုင်ကော်မြို့တွင် ယခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။


 

     ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ဆွေးနွေးချက်များနှင့် ပတ်သက်၍အတည်ပြုပြီး သားပျက်သားလျောလူနာများအား အရည်အသွေး ပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာသင်တန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် တိုက်တွန်း ပြောကြားရင်း အသိပေးဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

More Tags