လွိုင်ကော်မြို့တွင် သားပျက်သားလျောလူနာများအား အရည်အသွေးပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာ သင်တန်း ပို့ချ

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်

     ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သားပျက်သားလျောလူနာများအား အရည်အသွေးပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာသင်တန်းကို (၂.၁၂.၂၀၁၉) မှ (၅.၁၂.၂၀၁၉) ရက်နေ့အထိ ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်များနှင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆေးရုံများမှ သူနာပြုများ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပါသည်။

 

     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိခင်သေဆုံးမှုများအနက် သားပျက်သားလျောခြင်းသည်လည်း အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း၊ သားပျက်သားလျော ခြင်းကြောင့် မိခင်သေဆုံးမှုကို လျှော့ချနိုင်ရန်အတွက် ယခုပို့ချပေးမည့် သားပျက်သားလျော လူနာများအား အရည်အသွေးပြည့်ဝသော ပြုစုကုသခြင်းဆိုင်ရာ သင်တန်းကို ကျွမ်းကျင်စွာ တတ်မြောက်သွားရန်အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းဆရာများအဖြစ် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မြို့မှ တွဲဖက်ပါမောက္ခ (သားဖွားမီးယပ်ပညာဌာန) ဒေါက်တာချိုချိုမြင့်နှင့် မြောက်ဥက္ကလာ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမေဆုအောင်တို့က သင်တန်းပို့ချပေးခဲ့ပါသည်။ ၎င်းသင်တန်းတွင် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာအမာ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာပပဦးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)မှ ဒေါက်တာအေးသော်တာမွန်တို့ကပါဝင်ကူညီပေးခဲ့ပါသည်။ သင်တန်းနောက်ဆုံးရက်တွင် သင်တန်းသားများ၏ အရည်အချင်းကို လက်တွေ့စစ်ဆေးပြီး ရုတ်သိမ်းခဲ့ပါသည်။

More Tags