လွိုင်ကော်မြို့တွင် ရာသီတုပ်ကွေးရောဂါ (Influenza A H1N1 pdm 09) ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၈) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါ (Influenza A H1N1 pdm 09) ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို (၈.၇.၂၀၁၉) ရက်နေ့မှ (၁၂.၇.၂၀၁၉) ရက်နေ့အထိ စာသင်ကျောင်း (၁၂) ကျောင်း၊ ကျေးရွာ (၂၃) ရွာတွင် ပြုလုပ်ခဲ့ရာ စုစုပေါင်း (၅၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။ စာသင်ကျောင်း၊ ဈေး၊ ကားဂိတ်၊ လေဆိပ်များတွင် ရာသီတုပ်ကွေးရောဂါဆိုင်ရာ ပညာပေးပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ (၁၈၀၀) ခန့်ကို ဖြန့်ဝေ ပေးခဲ့ကြပါသည်။

More Tags