လွိုင်ကော်မြို့တွင် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး ဆေးဝါးသုံးစွဲ ဖြန့်ဝေမှုစနစ်နှင့် ပတ်သက်၍ အရည်အသွေး မြှင့်တင်မှု အစည်းအဝေး ကျင်းပပြုလုပ်

လွိုင်ကော်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၀) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၉-၉-၂၀၁၉) ရက်နေ့၌ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာန၏ မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး ဆေးဝါးသုံးစွဲဖြန့်ဝေမှုစနစ် နှင့်ပတ်သက်၍ အရည်အသွေးမြှင့်တင်မှု ( Quality Improvement Team Meeting (QIT) for Reproductive Health Commodity Logistic System (RHCLS) ) တတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး တာဝန်ခံများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။

 

     အစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံများ၊ JSI အဖွဲ့မှ တာဝန်ခံများမှ ပြည်နယ်ချုပ်စာရင်းများအား တင်ပြဆွေးနွေးခြင်း၊ မြို့နယ်တာဝန်ခံများမှ မြို့နယ်အခြေအနေများကို တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အကောင်းဆုံး ဆောင်ရွက်နိုင်သော မြို့နယ် (၃) မြို့နယ်ကို ဆုများ ချီးမြှင့်ခဲ့ပါသည်။

More Tags