လွိုင်ကော်မြို့တွင် ပန်ကန်းနှင့် နမ့်ဘော်ဝမ် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်

လွိုင်ကော်၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ပန်ကန်းနှင့် နမ့်ဘော်ဝမ် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦသစ်များ ဖွင့်လှစ်ပွဲ အခမ်းအနားများကို  (၂၄-၁၀-၂၀၁၉)ရက်နေ့တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာတင်ဝမ်း (ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆောက်အဦသစ် ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အဆောက်အဦသစ်များကို (၂၀၁၈-၂၀၁၉)ခုနှစ် ပြည်ထောင်စု  ငွေလုံငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

 

More Tags