လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးလုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၄) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဟိုတယ်လွိုင်ကော်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ (၂-၉-၂၀၁၉) ရက်နေ့မှ (၃-၉-၂၀၁၉) ရက်နေ့အထိ MCCT အစီအစဉ်၏ ပြည်နယ်အဆင့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးလုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ( Social Behavior Change Communication (SBCC) Action Plan Workshop ) ကို ကျင်းပဆောင်ရွက်ခဲ့ ပါသည်။ အခမ်းအနားတွင် ကျန်းမာရးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ)မှ လမ်းညွှန်စကား ပြောကြား ခဲ့ပါသည်။

 

     ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ မျှော်မှန်းမျက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများ၊ ပြည်တွင်ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ခံများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူများမှ ကယားပြည်နယ်အတွင်း MCCT အစီအစဉ်၏ ပြည်နယ်အဆင့် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးနှင့်ပတ်သက်၍ ဆွေးနွေးပြီး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲခဲ့ကြပါသည်။

More Tags