လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း လုပ်ငန်းစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် (၂၈-၁၁-၂၀၁၉)ရက်နေ့မှ (၃၀-၁၁-၂၀၁၉) ရက်နေ့အထိ ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း လုပ်ငန်းစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတီရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းအကြောင်း ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲမှ ဒုတိယညွှန်ကြာရေးမှူး၊ ဒေါက်တာလွင်မာလှိုင်က ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပလူမှုအဖွဲ့အစည်းများ စုစုပေါင်း (၃၁၄)ဦး တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက် ကယားပြည်နယ်အတွက် ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းအတွက် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဆက်စပ်ဌာနများမှ တာဝန်ခံများက လုပ်ငန်းစဉ်များကို ရေးဆွဲခဲ့ကြပါသည်။

More Tags