လွိုင်ကော်မြို့တွင် ပြည်နယ်ကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၈) ရက်

     ကယားပြည်နယ်၊ ပြည်နယ်ကျန်းမာရေးကော်မတီလုပ်ငန်းအစည်းအဝေး (State Health Working Group Meeting) ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၈.၈.၂၀၁၉) ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းက ကယားပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ UNOPS အဖွဲ့မှ ဒေါက်တာဖြူဖြူသင်းက Access to Health Fund အထောက်အပံ့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အကြောင်းရှင်းလင်းတင်ပြပြီး IRC မှ ဒေါက်တာကျော်မြတ်သူက Access to Health Fund အထောက်အပံ့ဖြင့် ကယားပြည်နယ်အတွင်း ဆောင်ရွက်နေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြ ခဲ့သည်။

 

     ထို့နောက် တက်ရောက်လာသူ များမှအကြံပြုချက်များကို ဆွေးနွေးတင်ပြကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လွိုင်ကော် ဆေးရုံအုပ်ကြီး၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ INGO, NGO, CSO, CBO အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများစုစုပေါင်း (၆၄) ဦး တက်ရောက်ခဲ့ပါသည်။

More Tags