လွိုင်ကော်မြို့တွင် ဆေးဝါးများ ဖြန့်ဖြူးမှုနှင့် ဆေးစတိုစီမံခန့်ခွဲမှု သင်တန်း ကျင်းပဆောင်ရွက်

လွိုင်ကော်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၀) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆေးဝါးများ ဖြန့်ဖြူးမှုနှင့် ဆေးစတို စီမံခန့်ခွဲမှုသင်တန်းကို (၁၀-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာတင်ဝမ်း၊ ဆေးစတိုအရာရှိ ဒေါက်တာပြည့်ဖြိုးကျော်တို့မှ ဆေးဝါးများ ဖြန့်ဖြူးခြင်း၊ ဆေးစတို စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်၍ သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ ဆေးစတို တာဝန်ခံများ စုစုပေါင်း (၃၆) ဦး တက်ရောက်ခဲ့ပါသည်။

More Tags