လွိုင်ကော်မြို့တွင် ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀) စာအုပ် အသိပေးရှင်းလင်းခြင်း အခမ်းအနား ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ မေလ (၁၄) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀) ( Kayah State Health Plan 2019-2020 ) စာအုပ် အသိပေးရှင်းလင်းခြင်း အခမ်းအနားကို (၁၄-၅-၂၀၁၉)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ လေ့လာ စောင့်ကြည့် ရေးအဖွဲ့မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်ဇင်ထူးမှ မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေးစီးမံကိန်းနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု အား ရှင်းလင်း တင်ပြခဲ့ပါသည်။ ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းမှ ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀)ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မောင်ရင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်း/ပြည်ပလူမှုးရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၂၆၁)ဦး တက်ရောက်ခဲ့ပါသည်။

More Tags