လွိုင်ကော်မြို့တွင် ကိုယ်ဝန်ဆောင်နှင့် (၂) နှစ်အောက် ကလေးမိခင်များအား ကျန်းမာရေးပညာပေး ဆောင်ရွက်

လွိုင်ကော်မြို့၊ မေလ (၂၃) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကိုယ်ဝန်ဆောင် နှင့် (၂) နှစ်အောက်ကလေးမိခင်များအား အာဟာရမြှင့်တင်ရေးအတွက် ငွေကြေး ထောက်ပံ့ခြင်း အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ဝန်ဆောင်နှင့် (၂) နှစ်အောက် ကလေးမိခင်များအား ကျန်းမာရေးပညာပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား စမ်းသပ်ပေးခြင်း၊ ကလေးများအား ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့ပါသည်။

More Tags