လွိုင်ကော်မြို့တွင် State Level Training on Oral Health Care of Pregnant Mothers and Children သင်တန်း ပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ State Level Training on Oral Health Care of Pregnant Mothers and Children သင်တန်းကို (၂၈.၁၁.၂၀၁၉) ရက်နေ့မှ (၂၉.၁၁.၂၀၁၉) ရက်နေ့ထိ (၂) ရက်တာ ပြုလုပ်ရာ နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒေါက်တာခင်မောင်၊ ညွှန်ကြားရေးမှူး (ကုသရေးဦးစီးဌာန၊ သွားကျန်းမာ)၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှသားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာအမာနှင့် ကလေးအထူးကုဆရာဝန် ဒေါက်တာဆုမွန်ဌေးတို့မှ သင်တန်းဆရာများ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်များမှ သွားဆရာဝန်များ၊ ဆေးရုံကြီးမှသွားဆရာဝန်များ၊ စစ်ဆေးရုံမှ သွားဆရာဝန် များနှင့် ပြင်ပဆေးခန်းမှ သွားဆရာဝန်များစုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။

More Tags