လွိုင်ကော်မြို့တွင် ACCESS To HEALTH Fund ပြည်နယ်အဆင့်ကော်မတီနှင့် ၂၀၂၀ ခုနှစ် ပထမ (၃)လ လုပ်ငန်းစဉ်ရေးဆွဲခြင်း အစည်းအဝေး ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၄-၁၁-၂၀၁၉) ရက်နေ့၌ Access to Health Fund ပြည်နယ်အဆင့် ကော်မတီနှင့် ၂၀၂၀ ခုနှစ် ပထမ (၃) လ လုပ်ငန်းစဉ်ရေးဆွဲခြင်း အစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လွိုင်ကော်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံချက်တာဝန်ခံများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ခံများ၊ IRC အဖွဲ့မှ တာဝန်ခံများ၊ ပြည်နယ်အဆင့် ACCESS To HEALTH Fund ကော်မတီဝင်များ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ACCESS To HEALTH Fund အထောက်အပံဖြင့် ဆောင်ရွက်ပြီးစီးမှုများအား ဆန်းစစ်ခြင်း၊ ၂၀၂၀ ခုနှစ် ပထမ (၃) လပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးအကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

More Tags