လွိုင်ကော်မြို့၊ စိန်မာတင်ဘိုးဘွားရိပ်သာ၌ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့်ပတ်သက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

လွိုင်ကော်မြို့၊ ဇူလိုင်လ (၁၅) ရက်

     ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးမွန်သန့်မြင့်(လက်ထောက်ညွှန်ကြားရေးမှူး၊ မကူးစက်) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် (၁၅-၇-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီမှ စတင်၍ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်ရှိ စိန်မာတင်ဘိုးဘွားရိပ်သာ၌ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ/သင်တန်းသား (၃၀) ဦးနှင့်အတူ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အဘိုး၊ အဘွား စုစုပေါင်း (၂၄) ဦးအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး သွေးတိုးရောဂါရှိသူ (၁၇) ဦးအား သွေးကျဆေးများ လှူဒါန်းခဲ့ပါသည်။

More Tags