ရသေ့တောင်မြို့တွင် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ်(အသစ်) အသုံးပြုခြင်း မြို့နယ်အဆင့်သင်တန်း ကျင်းပပြုလုပ်

ရသေ့တောင်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် စီမံခန့်ခွဲမှုအထောက်အကူပြုကျန်းမာရေး သတင်းစနစ် လက်စွဲစာအုပ်(အသစ်) အသုံးပြုခြင်း မြို့နယ်အဆင့်သင်တန်းကို (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် ရသေ့တောင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေလင်းထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးရုံးမှ သင်တန်းဆရာ/မများနှင့် မြို့နယ်သင်ကြားရေးအဖွဲ့မှ သင်တန်းဆရာ/မများက အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်း (၉၇)ဦးတို့အား (၃၀-၁၁-၂၀၁၉) မှ (၂-၁၂-၂၀၁၉)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပါသည်။

 

 
 

More Tags