ရသေ့တောင်မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ဆက်စပ်ဌာန/အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေး (Stakeholder Coordination Meeting) ပြုလုပ်ကျင်းပ

ရသေ့တောင်မြို့၊ ဇူလိုင်လ (၁၁) ရက်

     ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်ဆက်နွယ်သော ဌာနနှင့်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ရသေ့တောင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဇူလိုင်လ (၁၁) ရက်နေ့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (MHAA) ၏ ပူးပေါင်းကူညီမှုဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် ဆက်စပ်ဌာန/ အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေး (Stakeholder Coordination Meeting) ကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags