ရသေ့တောင်မြို့တွင် ကာကွယ်ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာ အအေးလမ်းကြောင်းတာဝန်ခံများအား သင်တန်းပို့ချ

ရသေ့တောင်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     ရသေ့တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာ‌ရေးဌာနခွဲများတွင် တာဝန်ယူ‌ဆောင်ရွက်နေသော ကာကွယ်ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာအအေးလမ်းကြောင်း တာဝန်ခံများအား မြို့နယ်အဆင့် စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကို မြို့နယ်အဆင့် သင်ကြားရေးအဖွဲမှ သင်တန်းဆရာ/ဆရာမများက ကာကွယ်ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ အအေးလမ်းကြောင်းတာဝန်ခံ (၁၄) ဦးအား (၃.၁၂.၂၀၁၉) ရက်နေ့မှ (၄.၁၂.၂၀၁၉) ရက်နေ့အထိ (၂) ရက်ကြာ သင်တန်းပို့ချပေးသွားမည် ဖြစ်ပါသည်။

 

More Tags