ရမည်းသင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း အသိပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရမည်းသင်း၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို (၂၁-၈-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန စုစည်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဉီးဇော်မင်းဟန်မှ အဖွင့် အမှာစကား ပြောကြားခြင်း၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် (တိုးချဲ့ကာကွယ်ဆေး/ ကူးစက်) ဒေါက်တာငြိမ်းငြိမ်းချစ်၊ ဒေသဆိုင်ရာ ပိုလီယိုပပျောက်ရေးအရာရှိ ဒေါက်တာကျော့ကျော့ခင် တို့က ရမည်းသင်းမြို့နယ်အတွင်းရှိ မွေးစမှ အသက် (၅) နှစ်အရွယ်ကလေးများအားလုံးကို ပိုလီယိုကာကွယ်ဆေး (၂) ကြိမ် မပျက်မကွက် တိုက်ကျွေးသွားရန်နှင် အသက် (၉) လမှ (၅) နှစ်အရွယ်ကလေးများအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတစ်ကြိမ် ထိုးနှံပေးရန် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

 

     ၎င်းအသိပေးဆွေးနွေးပွဲသို့ ရမည်းသင်းခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ ရမည်းသင်း ခရိုင် ကုသရေးဉီးစီးဌာနမှ ဆရာဝန်ကြီးများ၊ မိခင်/ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags