ရမည်းသင်းမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များ၌ ချိုင့်ဆွဲ၊ ပါဆယ်ဆွဲများ ရောင်းချရေးနှင့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရမည်းသင်းမြို့နယ် ၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၅ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ၂၅.၃.၂၀၂၀ ရက်နေ့၌ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များ (၉၈) ဆိုင်ရှိ ဆိုင်ရှင်နှင့်ပြည်သူများအား လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 အကြောင်း သိကောင်းစရာများ အသိပညာပေးခြင်း၊ vinnyl များကပ်ခြင်း၊ စားသောက်ဆိုင်များလိုက်နာရမည့် ညွှန်ကြားချက်များ ပါဝင်သောလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးနည်းများအားသရုပ်ပြခြင်း၊ သတင်းအချက်အလက်များ မှန်မှန်ကန်ကန် သိရှိစေရေး စသည့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဈေးဝယ်လာသူများအားချိုင့်ဆွဲ၊ ပါဆယ်ဆွဲများရောင်းချရန် ညွှန်ကြားထားခြင်း၊ fever surviellance လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှူခြင်းလုပ်ငန်းများကို ရမည်းသင်းမြို့နယ်မှ အခြေခံကျန်းမာရေးဝန်ထမ်းများက နေ့စဉ် ဆောင်ရွက်လျက်ရှိပါသည်။

More Tags