ရမည်းသင်းမြို့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် Speaker ဖြင့် လိုက်လံနှိုးဆော်

ရမည်းသင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၅ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုနှင့်အတူ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ COVID-19 ရောဂါအကြောင်းကို Speaker ဖြင့် ရမည်းသင်းမြို့ပေါ် ရပ်ကွက်၊ မြို့တွင်းလမ်းတစ်လျောက်တွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်ပမှပြန်လာသူများရောက်ရှိပါက ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးမှူးရုံးသို့သတင်းလာပို့ရန် ပြောကြားခြင်း၊ လက်ဆေးနည်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

More Tags