ရမည်းသင်းခရိုင် လယ်ယာစိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးရေးဘဏ်၌ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမှုဆောင်ရွက်

ရမည်းသင်းမြို့နယ်၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၅ ရက်

      မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် လယ်ယာစိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးရေးဘဏ်၌ ပြည်သူများငွေလာသွင်းထုတ်ယူရာတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 အကြောင်း သိကောင်းစရာများ အသိပညာပေးခြင်း၊vinnylများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးနည်းများသရုပ်ပြခြင်း၊hand speakerဖြင့်ကြေငြာခြင်း၊ အဖျားတိုင်းခြင်း၊ သတင်းအချက်အလက်များမှန်မှန်ကန်ကန် သိရှိစေရန် စသည့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို (၂၅.၃.၂၀၂၀) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် ပြည်တော်ပြန်လာသူများအားလည်း fever surviellance လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ရမည်းသင်းမြို့နယ်မှ အခြေခံကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ဆောင်ရွက်လျက်ရှိပါသည်။

More Tags