ရပ်စောက်မြို့နယ်၊ ပင်ဖြစ်တိုက်နယ်ဆေးရုံ ကိုယ့်အားကိုယ်ကိုးဓါတ်မှန်ဆောင် အဆောက်အဦဖွင့်ပွဲနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရပ်စောက်မြို့ ၊ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်

     ၂၀၁၉ ခုနှစ်၊ ဩဂုတ် (၂၂) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်တိုက်နယ်ဆေးရုံ ကိုယ့်အားကိုယ်ကိုးဓါတ်မှန်ဆောင် အဆောက်အဦဖွင့်ပွဲနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ပါသည်။ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ရပ်စောက်မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ ကိုယ့်အားကိုယ်ကိုး ဓါတ်မှန်ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

     ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က ဓါတ်မှန်ဆောင် ဆောက်လုပ်ရခြင်းကြောင့် ပိုမိုရရှိလာမည့် ကျန်းမာရေးစောင့်ရှောက်မှုများအကြောင်း ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကိုယ့်အားကိုယ်ကိုးဓါတ်မှန်ဆောင်သစ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရပ်စောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို နံနက် (၁၁) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags