ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမတွင် Workshop on Revised and Update Public Health Emergency Events Plan at Yangon International Airport and Seaport အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ ( ၁၅ ) ရက်

     (၁၅-၈-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ Workshop on Revised and Update Public Health Emergency Events Plan at Yangon International Airport and Seaport အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းတို့တွင် ကူးစက်မြန်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး တို့အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာနခွဲတို့မှ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းတို့တွင် ကူးစက်မြန်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အား ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပါဝင်ပြီး ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပါသည်။

 

     အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ ဉက္ကဌ ဦးမြင့်ဌေး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဉက္ကဌဦးမျိုးခိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲအား (၃) ရက်တာကျင်းပသွားမည် ဖြစ်ပါသည်။

More Tags