ရန်ကုန်မြို့တွင် (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် Symposium on Patient Safety ကျင်းပပြုလုပ်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၄) ရက်

     (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၇) ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိရာ ညီလာခံ၏ ဆွေးနွေးပွဲတစ်ခုအဖြစ် Symposium on Patient Safety ကို ဆေးသုတေသနဦးစီးဌာန၊ Auditorium 2 ၌ ဇန်နဝါရီလ (၁၄) ရက်နေ့၊ နံနက် (၉:၃၀)နာရီမှ မွန်းလွဲ (၁၂:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ ဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ခွဲစိတ်) ပါမောက္ခဒေါက်တာအေးမွန်က Surgical Safety အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာခင်ချစ်က Medication Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင် က Blood Transfusion Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသိန်းက Laboratory Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က Patient Safety : Current Activities and Ways forward ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

 
 
 

 

 

More Tags