ရန်ကုန်တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြင့် တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေးခြင်း လုပ်ငန်းစီမံချက်ဆိုင်ရာ ဆန်းစစ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

     (၁၅.၇.၂၀၁၉) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြင့် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသပေးခြင်း လုပ်ငန်းစီမံချက်ဆိုင်ရာ ဆန်းစစ်ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်နေသော တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များက ဆွေးနွေးသုံးသပ်ရန် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေး သွားရန် ရည်ရွယ်ပါသည်။

 

     အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးညီညီနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး တီဘီဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ ရှေ့လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်းမြင့်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်၊ တိုင်းဒေသကြီး တီဘီရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာဇော်မြင့်၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ တီဘီတာဝန်ခံများ၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း(ဗဟို-ရန်ကုန်ရုံးခွဲ) မှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags