ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်၏ လုပ်ငန်းများအား ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ မတ်လ (၂၅)ရက်

     ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်၏ လုပ်ငန်းများအား National Malaria Control Program မှ External Evaluation အဖွဲ့မှ လာရောက်ဆန်းစစ် အကဲဖြတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီဒီယာခန်းမတွင် (၂၅.၃.၂၀၁၉)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ External Reviewer Dr. Roberto Garcia ဦးဆောင်သော Evaluation အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အား လာရောက်တွေ့ဆုံခဲ့ပြီးနောက် အစည်းအဝေးကို စတင်ကျင်းပခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရောဂါမျိုးသယ်ဆောင်သောပိုးမွှားများမှ တဆင့်ကူးစက်တက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် External Reviewer Dr. Roberto Garcia မှ သိလိုသည်များကို မေးမြန်းခဲ့ပါသည်။

 

     အစည်းအဝေးသို့ အမျိုးသား ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက် (ဗဟို)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေရီရီလင်း၊ ရန်ကုန်တိုင်းဒေသကြီး ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားများမှ တဆင့်ကူးစက်တက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ WHO မှ ဒေါက်တာဝင်းထိုက် အပါအဝင် စုစုပေါင်း(၁၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်မှ External Reviewer Dr. Roberto Garcia အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။

More Tags