ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလောအာဟာရချို့တဲ့သောကလေးများအား အဆင်သင့်စားသုံးနိုင်သော အာဟာရဖြည့်အစာများထောက်ပံ့မှုလုပ်ငန်း ပြန်လည်ဆန်းစစ်ခြင်းအစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ မတ်လ (၁၅)ရက်

     (၁၅.၃.၂၀၁၉)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၇)မြို့နယ်တွင် လတ်တလော အာဟာရချို့တဲ့သောကလေးများအား Ready to Use Therapeutic Food (RUTF) အဆင်သင့်စားသုံးနိုင်သော အာဟာရဖြည့်အစာများထောက်ပံ့မှုလုပ်ငန်း ပြန်လည်ဆန်းစစ်ခြင်း အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားနှင့်အတူ အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာများမှာ များပြားသည်ကို သိရှိပါကြောင်းနှင့် အဆင်သင့်စားသုံးနိုင်သော အစာများ ထောက်ပံ့မှုလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်၊ Dr. Madani Thiam (Chief of Health & Nutrition Section, UNICEF) နှင့် ဒေါက်တာနေထွန်းကျော် (Nutrition Officer, UNICEF) တို့က  Ready to Use Therapeutic Food (RUTF) အဆင်သင့်စားသုံးနိုင်သော အာဟာရဖြည့်အစာများထောက်ပံ့မှု၊ ဖြန့်ဝေမှုလုပ်ငန်းနှင့် ပတ်သက်သည့် အားနည်းချက်၊ အားသာချက်နှင့် လိုအပ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပါသည်။


 

     အဆိုပါအစည်းအဝေးသို့  ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်၊ Dr. Madani Thiam (Chief of Health & Nutrition Section, UNICEF)၊ Mrs. Jecinter Oketch (Nutrition Specialist)၊ ဒေါက်တာနေထွန်းကျော် (Nutrition Officer, UNICEF)၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်(၁၇)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ  စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags