ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြို့နယ်တွင် COVID-19နှင့် ပတ်သက်၍ စောင့်ကြည့်လူနာများထားရှိရန် ကြိုတင်ပြင်ဆင်ခြင်းများပြုလုပ်

ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်

     ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပဲခူး-ရန်ကုန်ကားလမ်းမဘေးရှိ မဟာစည်တရားရိပ်သာ တွင် COVID-19 စောင့်ကြည့်လူနာများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ကြိုတင်ပြင်ဆင်ခြင်းများပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူးဒေါက်တာဇော်ဝင်းသန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ရေယာဉ် ၁ စီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရိုးရှင်းသောပရဟိတအသင်းသူ/သားများနှင့်အတူ အဆောင်အတွင်း/အပြင် ရေဆေးကြောခြင်း၊ ပိုးသတ်ဆေး ပတ်ဖျန်းခြင်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags