ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်

     (၁၇.၉.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့်ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဉီးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်မာဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကျောင်းသားကျောင်းသူများ ဆယ်ကျော်သက် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်နိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ သိရှိနိုင်စေရန်နှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် ပတ်သက်သောအသိပညာ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

 

     ထိုအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဉီးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်မာဆွေ၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာအောင်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာဝင်းဝင်းမာ၊ မြို့နယ်ပညာရေးမှူး ဉီးချိုစိန်ထွန်း၊ ခရိုင်လူမှုဝန်ထမ်းဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီထွန်း၊ မြောက်ပိုင်းခရိုင်အမှတ်(၄၀)မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးရဲမှူးအောင်မြတ်စိုးတို့ တက်ရောက် ချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူစုစုပေါင်း (၃၈၅) ဉီးကို အသိပညာပေး ဟောပြောခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

More Tags