ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်

     (၂၁-၈-၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဝင်းမာ ဦးဆောင်မှုဖြင့် ပတ္တမြားကျေးလက်ကျန်းမာရေးဌာန၊ ပလရ ကျေးလက်ကျန်းမာရေးဌာနခွဲမှ အခြေခံကျန်းမာရေးပညာရှင်များသည် မင်္ဂလာဒုံမြို့နယ် အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လုပ်ငန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။     အဆိုပါလှုပ်ရှားမှု၌ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့မှ အခြေခံကျန်းမာရေးပညာရှင်များက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ အလယ်တန်းကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။


 

     ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အခြေခံကျန်းမာရေး ပညာရှင်များက အာဟာရပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ကျောင်းကျန်းမာရေးပြခန်း၌ အာဟာရဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ သရုပ်ဖော်ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

More Tags