ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် Exercise is medicine ဟောပြောခြင်းနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များလုပ်ဆောင

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

     ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး ဆောင်ရွက်မှုနှင့် အားကစားအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မင်းမင်းလတ် ဦးဆောင်သော ဗိုလ်တထောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်များနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးမြတ်သူ (နည်းပြ၊ နည်းစနစ်မှူး) ဦးဆောင်သော ဝန်ထမ်းများပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

 

     အခမ်းအနားတွင်ဗိုလ်တထောင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးမြတ်သူ (နည်းပြ၊နည်းစနစ်မှူး)မှ ကိုယ်လက်လှုပ်ရှား ကစားခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးခြင်းနှင့် နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရန် လက်တွေ့သင်ကြားပေးခြင်းများဆောင်ရွက်ခြင်း၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာ ပေးဟောပြောခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြော ခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျောင်းသားများအား တစ်ကိုယ်ရည် သန့်ရှင်းရေး နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် ဆေးကုသမှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

More Tags