ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta-4)ကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta-4)ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အသိပေးဆွေးနွေးပွဲတွင် ပုဇွန်တောင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇင်နွယ်ဦးမှ ရိုတာဗိုင်းရပ်(စ်)၊ ဆုံဆို့-မေးခိုင်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးများကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 


     ထိုအသိပေးဆွေးနွေးပွဲကို ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးချမ်းငြိမ်းအောင်နှင့် ဒုဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်  အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။

 

 

More Tags